ဂျကာတာ ဇွန် ၁၇
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ဇွန် ၁၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တစ်ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက ပြောသည်။
ယင်းငလျင်သည် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိပြီး အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့က ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဇွန် ၁၇ ရက် နံနက်ပိုင်းအထိ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၇၀ ကျော်လာပြီဖြစ်ကြောင်း၊ နေအိမ် ၁၀၀၀ ကျော်အပြင် လမ်းများ၊ တံတားများအပါအဝင် အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံအများအပြား ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


