ဂျကာတာ  ဇွန်  ၁၇

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် ဇွန် ၁၆ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်  တစ်ဦးသေဆုံးပြီး  ဒါဇင်နှင့်ချီ  ထိခိုက်ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက ပြောသည်။

ယင်းငလျင်သည်  ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိပြီး အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့က ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဇွန် ၁၇ ရက် နံနက်ပိုင်းအထိ  ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၇၀ ကျော်လာပြီဖြစ်ကြောင်း၊ နေအိမ် ၁၀၀၀ ကျော်အပြင် လမ်းများ၊  တံတားများအပါအဝင် အဆောက်အအုံများနှင့်  အခြေခံအဆောက်အအုံအများအပြား  ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   

အင်န်အိတ်ချ်ကေ