ဟင်္သာတ ဇွန် ၁၄
ဟင်္သာတမြို့နယ် သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် ဒေသခံ တောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၂ ရက်က ဟင်္သာတ မြို့နယ် သမဝါယမအသင်းစုရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမ ဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာခိုင်က မြို့နယ်အတွင်းရှိ သမဝါယမ အသင်းသား တောင်သူများထံ သွင်းအားစုများ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆- ၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူ ၆၂ ဦးအား ငွေကျပ် ၃၈၅ သိန်း တန်ဖိုးရှိ ဓာတ်မြေဩဇာ အိတ် ၃၅၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


