ဟင်္သာတ ဇွန် ၁၄

 

ဟင်္သာတမြို့နယ် သမဝါယမ အသင်းစုလီမိတက်၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် ​ ဒေသခံ တောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၂ ရက်က ဟင်္သာတ မြို့နယ် သမဝါယမအသင်းစုရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်​ဇော်မင်းက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်သမ ဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာခိုင်က မြို့နယ်အတွင်းရှိ သမဝါယမ အသင်းသား တောင်သူများထံ သွင်းအားစုများ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆- ၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူ ၆၂ ဦးအား ငွေကျပ် ၃၈၅ သိန်း တန်ဖိုးရှိ ဓာတ်မြေဩဇာ အိတ် ၃၅၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)