UNBREAKABLE III ပြိုင်ပွဲတွင် ထီရယ်လ်ထန် ဒုတိယအချီ၌ အနိုင်ရ

ဖေဖော်ဝါရီ

ONE Championship က စီစဉ်သည့်  UNBREAKABLE III အမည်ရပြိုင်ပွဲကို ယနေ့မြန်မာစံတော်ချိန် နာရီ က စင်ကာပူနိုင်ငံ၌ ကျင်းပရာ မြန်မာ MMA ကစားသမား ထီရယ်လ်ထန်သည် ဒုတိယအချီ၌ အနိုင်ရခဲ့ ကြောင်း သိရသည်။

ထီရယ်လ်ထန်သည် အင်ဒိုနီးရှားကစားသမား ပေါလ်လူမီဟီနှင့် တွေ့ဆုံခဲ့ပြီး ဒုတိယအချီ မိနစ် ၂၅ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် ပထမအချီကတည်းက ပြိုင်ဘက်ကစားသမားကို အသာစီးမှ ထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယအချီမှသာ ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထီရယ်လ်ထန်သည် ဒုတိယအချီတွင် ပွဲသိမ်းနိုင်ရန်အတွက် အားပိုထည့်လာပြီး လက်သီးချက်များဖြင့် တရစပ် ထိုးသတ်ရာ ပေါလ်လူမီဟီ အထိနာလာပြီး မိနစ် ၂၅ စက္ကန့်တွင် ဒိုင်လူကြီးက အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည်  ONE Championship နှင့် လက်တွဲအပြီး သုံးပွဲထိုးသတ်ရာတွင် သုံးပွဲစလုံး အနိုင်ရထားသည်။

ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြိုင်ပွဲထိုးသတ်ပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာမှ ပြန်လည် ထိုးသတ်ရသော်လည်း အကောင်းဆုံးပုံစံဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- ONE Championship