လူငယ်အများစုဟာ အင်တာနက်ကို အသုံးပြုပြီး လိမ်လည်ခံနေရ

တရုတ်နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေဟာ လူကြီးတွေထက်ပိုပြီး အင်တာနက်ရဲ့ သားကောင်ဖြစ်မှန်းမသိ ဖြစ်နေတယ်လို့ တရုတ်နိုင်ငံဆော့ဖ်ဝဲလုံခြုံရေးကုမ္ပဏီကျီဟို ၃၆၀ ရဲ့ အတုအပဆန့်ကျင်ရေး ဝက်ဘ်ဆိုက် တစ်ခုဖော်ပြချက်အရ သိရပါတယ်။
တစ်ပတ်အတွင်း သိပ္ပံနှင့်နည်းပညာသတင်းများ
မင်္ဂလာပါ မြန်မာဒီဂျစ်တယ်နယူးစ် ပရိတ်သတ်ကြီးအတွက် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာရပ်တွေနဲ့ သိပ္ပံနယ်ပယ်က တီထွင်ဆန်းသစ်မှုတွေကို စုစည်းတင်ပြပေးတဲ့ သိပ္ပံနှင့် နည်းပညာ ကဏ္ဍကနေ ကြိုဆိုလိုက်ပါ တယ်။
မမျိုးဥတွေကို စမ်းသပ်ခန်းထဲမှာ အောင်မြင်စွာ ကြီးထွားဖွံ့ဖြိုးစေနိုင်ခဲ့
သိပ္ပံပညာရှင်တွေဟာ မျိုးဥအိမ်တစ်ရှူးထဲက ကနဦးအဆင့် မျိုးဥတွေကို စမ်းသပ်ခန်းထဲမှာ ပထမဆုံးအကြိမ်အဖြစ် ရှင်သန်ကြီးထွား စေနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလို မမျိုးဥတွေကို သားအိမ်ပြင်ပမှ .......
တရုတ်နိုင်ငံ အလယ်ပိုင်းမှာ သက်တမ်းပေါင်း ၉၀ဝဝ ခန့်ရှိတဲ့ ရေတွင်းတွေ ရှာဖွေတွေ့ရှိ
ရှေးဟောင်း ယဉ်ကျေးမှု လေ့လာရေး ကျွမ်းကျင်သူတွေဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနမ်ပြည်နယ်မှာ နှစ်ပေါင်း ၉၀ဝဝ ခန့်ရှိပြီဖြစ်တဲ့ ရေတွင်း ခြောက်တွင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆင်ဟွာသတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ခရီးသည်လိုက်ပါပျံသန်းနိုင်တဲ့ မောင်းသူမဲ့ လေယာဉ်ငယ် တရုတ် တီထွင်
ခရီးသည်လိုက်ပါပျံသန်းနိုင်တဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းကို တရုတ် ဒရုန်းတီထွင်သူတစ်ဦးက အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ အဆိုပါ လေယာဉ်ငယ်ဟာ လေရဟတ်တွေရဲ့ စွမ်းအားနဲ့ ဒေါင်လိုက်ပျံတက်သွားတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံ၏ မျောက်နှစ်ကောင်ပုံတူမျိုးပွားမှုမှတစ်ဆင့် လူသားများကိုပါ မျိုးပွားလာနိုင်မှုအပေါ် စိုးရိမ်မှုရှိနေ
၂၀၁၇ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် တရုတ်သိပ္ပံအကယ်ဒမီ ( CAS) ဟာ Dolly ခေါ် ဆဲလ်ပွားနည်းဖြင့် မျောက်နှစ်ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။