တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

မင်္ဂလာပါ Myanmar Digital News ပရိတ်သတ်အတွက် တစ်ပတ်အတွင်း သိပ္ပံနဲ့ နည်းပညာ သတင်းများ စုစည်းမှုကနေ ကြိုဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံ အင်အားကို ထုတ်ဖော် ကြွေးကြော်လိုက်တဲ့ ဗလာဒီမာပူတင်
ရုရှားသမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ၂ ပတ်အလိုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၎င်းရဲ့ ပြည်သူတွေကို မိန့်ခွန်း ပြောကြားရင်း ရုရှားရဲ့ စစ်အင်အားကို ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မိတ္ထီလာမြို့၌ စည်ပင်ဌာနရဲ့ ပထမဆုံး “မောင်းသူမဲ့ လေယာဉ်နဲ့ မြေပုံထုတ်လုပ်”

မိတ္ထီလာ ၃ မတ်

 

ပထမဆုံးသော ဒီဂျစ်တယ်မြေပုံပြိုင်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်
ရန်ကုန်မြေပုံ 2018 Yangon Map Challenge  ဒီဂျစ်တယ် မြေပုံပေါ်တွင် ထည့်သွင်းရန် ကျန်ရှိနေသည့် ရန်ကုန်မြို့နေရာများကို ရေးဆွဲသည့် ပြိုင်ပွဲအား ကျင်းပမည်ဖြစ်ပြီး
သေးငယ်ပြီး သိုလှောင်သိမ်းဆည်းမှု ပမာဏအများဆုံး SSD ကို SAMSUNG မိတ်ဆက်
30.72 TB  ပါဝင်ပြီး ၂ ဒသမ ၅ လက်မအရွယ်သာရှိ သော သိုလှောင်သိမ်းဆည်းမှုပမာဏ အများဆုံးပါဝင်သည့် SSD ကို Samsung မှယခင်တစ်ပတ်က မိတ်ဆက်ပေးခဲ့သည်။
အမေရိကန်၊ ရုရှား အာကာသယာဉ်မှူး သုံးဦး ကမ္ဘာမြေသို့ အောင်မြင်စွာပြန်လည်ရောက်ရှိ
လွန်ခဲ့တဲ့ ခြောက်လက ဆိုယုဇ် MS-06 အာကာသယာဉ်ဖြင့် ထွက်ခွာသွားပြီး နိုင်ငံတကာ အာကာသ စခန်းတွင် ခြောက်လကြာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူး သုံးဦးဟာ ယမန်နေ့က ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။
အနာဂတ် 5G ဆက်သွယ်ရေးနည်းပညာအတွက် ကုန်သွယ်ရေးပြပွဲ ကျင်းပ
အနာဂတ်မှာ မိုဘိုင်းဖုန်းတွေအတွက် 5G ကွန်ရက် ဆက်သွယ်ရေးနည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးပြပွဲကို  စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့ပါတယ်။