ဒီဇင်ဘာလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းရေး  အတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က ကျွန်းစုမြို့ဦး သံသရာအေး စေတီမုခ်ဦးရှေ့မှ စတင်ကာ မြို့နယ်အားကစားကွင်းဆီသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
TAKUYA TANIYAMA CUP KARATE CHAMPIONSHIPS 2019 ဖိတ်ခေါ် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်မှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Advertising NAGATA Co.Ltd တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော TAKUYA TANIYAMA CUP KARATE CHAMPIONSHIPS 2019 ဖိတ်ခေါ်ကရာတေးပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့၊မန္တလာသီရိမိုးလုံလေလုံ အားကစားကွင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၈) ယနေ့ ဆက်လက်ကျင်းပမည်
၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)ကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။
နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် world Handicap System (WHS) အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ Seiko Cooperation (Golf Management) တို့မှ Myanmar Hero's Golf Management Co., Ltd အမည်ဖြင့် Myanmar Hero's Golf Project ကိုအကောင်အထည်ဖော်ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၊ ဂေါက်ကွင်းများသို့ world Handicap System (WHS) အသိအမှတ်ပြုလက်မှတ်  ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ကျင်းပသည်။
ဗီယက်နမ် BTV Cup ပြိုင်ပွဲတွင် တတိယဆုရ မြန်မာလူငယ်အသင်း ပြန်လည်ရောက်ရှိ
ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ ကျင်းပခဲ့သည့် ဗီယက်နမ် BTV Cup ပြိုင်ပွဲတွင် တတိယဆုရခဲ့သည့် မြန်မာလူငယ်အသင်းသည် ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အကြံပေး ဦးဘန်နီတင်အောင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အိုလံပစ်ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမ ၂၆ ဦးဖြင့် ဖွဲ့စည်း
ဖေဖော်ဝါရီတွင် ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပမယ့် ဘောလုံးကွင်းများ
ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကျင်းပရာ ဘောလုံးကွင်းများရဲ့ပုံစံတွေကို ကမ္ဘာ့မြို့တော် ၂၇ ခုနဲ့