ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၈) ယနေ့ ဆက်လက်ကျင်းပမည်

၂၀ ဒီဇင်ဘာ

 

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)ကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

ပွဲစဉ် (၈) အဖြစ် နံနက် ၈ နာရီခွဲတွင် Dream Team နှင့် MFF ယူ-၁၉ အသင်း၊ နံနက် ၁၀ နာရီတွင် AMM Brothers အသင်းနှင့် ဖူဆယ်ချစ်သူအသင်း၊ နံနက် ၁၁ နာရီခွဲတွင် Winner အသင်းနှင့် GV အသင်း၊ မွန်းလွဲ ၁ နာရီတွင် မြို့မ JY အသင်းနှင့် VUC အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် လက်ဝဲသုန္ဒရအသင်းနှင့် လက်ရှိချန်ပီယံ MIU အသင်း၊ ညနေ ၄ နာရီတွင On Doctor အသင်းနှင့် Do Do Ko Ko အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ပွဲစဉ် (၇) အပြီးတွင် VUC အသင်း၊ လက်ရှိချန်ပီယံ MIU အသင်းနှင့် GV အသင်းတို့ ၂၁ မှတ်စီရထားပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဦးဆောင်နေကာ MIU အသင်းက ဒုတိယ၊ GV အသင်းက တတိယနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏ နောက်တွင် Winner အသင်းက ၁၈ မှတ်၊ မြို့မ JY အသင်းက ၁၂ မှတ်၊ On Doctor အသင်းက ၁၀ မှတ်၊ MFF ယူ-၁၉ အသင်းက ခုနစ်မှတ်၊ Dream Team အသင်းက ခြောက်မှတ်၊ Do Do Ko Ko အသင်း၊ ဖူဆယ်ချစ်သူအသင်းနှင့် လက်ဝဲသုန္ဒရအသင်းတို့က သုံးမှတ်စီရထားကာ AMM Brothers အသင်းက ခုနစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးကြောင်းသိရသည်။

 

သတင်း-ရဲရင့်ရှိုင်း