ညောင်ဦးမြို့၌ ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအိမ်ဆောက်ပစ္စည်း အရောင်းဆိုင်အား ဝင်ရောက်တိုက်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့အဝင် ဘုရားနီ ဘုရားလမ်းဆုံအနီးတွင် ယနေ့ မွန်းလွဲ ၁ နာရီက ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြို့နယ်(၆)မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိလာသူ မဝါဝါထွန်း (ခ) ဝါဝါနှင့် ဒေါ်စိုးစိုးဌေး(ခ)မိငယ်တို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၃ ပြားသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မဝါဝါထွန်း(ခ)ဝါဝါ နေထိုင်သည့် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၁၇ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ကျောက်မီးသွေးလုပ်ကွက်တွင် အမျိုးသမီးလုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသေဆုံး
မင်းဘူး(စကု)မြို့နယ်ရှိ ကျောက်မီးသွေးလုပ်ကွက်တစ်ခုတွင် အမျိုးသမီးလုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ သေဆုံးသွားခဲ့ကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။
သမက်ဖြစ်သူက ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုး၍ သေဆုံးမှု ကျွန်းစုမြို့နယ်၌ ဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကဘင်းချောင်းကျေးရွာ၌ သြဂုတ် ၁၆  ရက်နေ့ ည ၉ နာရီအချိန်ခန့်က သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ..........
ကွတ်ခိုင်တွင် ကျပ်သိန်းပေါင်း ၆၀ဝ၀ဝ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများအား ဖျက်ဆီး

ဝါးထိုးမိသည့် လူနာအားခွဲစိတ်ကုသစဉ် ဒဏ်ရာတွင် ကျည်စနှင့် ခဲသီးတွေ့ရှိရာမှ တူမီးသေနတ် ထိမှန်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆေးရုံကြီးတွင် ဝါးထိုးမိပြီး လက်တွင် ဒဏ်ရာရရှိသည်ဆိုသည့် လူနာအား ခွဲစိတ်ကုသရာမှ ကျည်စနှင့်ခဲသီးများ တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ စစ်ဆေးရာ တူမီးသေနတ်ထိမှန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာအနီး ရထားလမ်းပေါ်တွင်  ဆွံ့အ၊ နားမကြားသူ မိန်းကလေးငယ် တစ်ဦး ရထားတိုက်မိ၍ သေဆုံး
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီးရှိ မိုးကောင်းကျေးရွာအုပ်စု ပုတိမ်ရိုးကျေးရွာအနီး ရထားလမ်းပေါ်တွင် သြဂုတ် ၁၆ ရက် မနက် ၁၁ နာရီခွဲခန့်က ဆွံ့အ၊ နားမကြားသူ မိန်းကလေးငယ် တစ်ဦးအား ရထားတိုက်မိ၍ သေဆုံးသွားကြောင်း သိရသည်။