နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းအချို့ရိုက်ကူး
နတ်မောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးသည့် ဒါရိုက်တာလူမင်းနှင့် အဖွဲ့များက ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီက နတ်မောက်မြို့ အောင်ဆန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ရိုက်ကူးနေကြောင်း သိရသည်။