ဇီးကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေး အန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဇီးကုန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ၁၅၀ ခန့်တက်ရောက်ခဲ့
အခြေခံကျန်းမာရေး ဝန်ထမ်းများအား  တီဘီလူနာနှင့်အတူနေသူများအား ကျန်းမာရေး စစ်ဆေးခြင်း  “စံ”လုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်ပို့ချ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနမှ အခြေခံ ကျန်းမာရေး ဝန်ထမ်းများအား တီဘီလူနာနှင့်အတူနေသူများအား ကျန်းမာရေးစစ်ဆေးခြင်း (Traning For Contact Tracing) လုပ်ငန်း လမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့