ဇီးကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ဇီးကုန်း  ၁၉    နိုဝင်ဘာ

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေး အန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရွှေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဇီးကုန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ၁၅၀ ခန့်တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးမင်းသူမောင်တို့က ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အကြောင်းအရင်းများနှင့် အများ ပြည်သူများက ထိန်းသိမ်းကာကွယ်ရမည့် အချက်အလက်များ၊ ရေဘေး လေဘေး ငလျင် ဘေးအန္တရာယ်များအကြောင်းနှင့် ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ သက်ဆိုင်ရာဒေသအာဏာပိုင်များမှ အချိန်နှင့်တပြေးညီ ထုတ်ပြန် ကြေငြာချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

တင့်ဆွေ(ပြန်/ဆက်)