အခြေခံကျန်းမာရေး ဝန်ထမ်းများအား  တီဘီလူနာနှင့်အတူနေသူများအား ကျန်းမာရေး စစ်ဆေးခြင်း  “စံ”လုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်ပို့ချ

စေတုတ္တရာ     ၁၉     နိုဝင်ဘာ

           

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနမှ အခြေခံ ကျန်းမာရေး ဝန်ထမ်းများအား တီဘီလူနာနှင့်အတူနေသူများအား ကျန်းမာရေးစစ်ဆေးခြင်း (Traning For Contact Tracing) လုပ်ငန်း လမ်းညွှန်သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ထိုသို့ သင်တန်းဖွင့်လှစ်ပို့ချရာတွင် အထက်တန်းသူနာပြု ဒေါ်သက်သက်ခိုင်က တီဘီလူနာများနှင့် အတူနေသာ မိသားစုဝင်များ ရောဂါကူးစက်နိုင်ပုံ၊ မကူးစက်နိုင်အောင် ကာကွယ်ရမည့် နည်းလမ်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးကာ သူနာပြု ဒေါ်ကြည်ညွန့်က တီဘီရောဂါ၏ ဆိုးကျိုးများ၊ ရောဂါကုသရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ဖြစ်ပွားပုံအကြောင်းကို ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းကို တီဘီရောဂါဖြစ်ပွားလာပါက တစ်ခြားမိသားစုဝင်များပါ ကူးစက်မှု မဖြစ်ပွားမှု မဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ကျန်းမာရေးဌာနများရှိ  အခြေခံ ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်း(၅၈)ဉီးအား တစ်ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)