သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်မြန် တုံ့ပြန် ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဇာတ်တိုက်လေ့ကျင့်မှုအား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးဝင်း၌ ဆောင်ရွက်ခဲ့
မြောက်ဦးမြို့ အဝင်၊အထွက်လမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ခရီးသွား ပြည်သူများ အား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးလျှက်ရှိ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင် ရန်နှင့် ကူးဆက်မှုများ မဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊အထွက် ညောင်ပင်ဈေးလမ်းဆုံတွင် ယနေ့ နံနက် ၈ နာရီက Check Point ကျန်းမာရေးစစ်ဆေးမှုသတ်မှတ်နေရာထားရှိကာ ဈေးဝယ် လာသူများနှင့် ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရ
မြေအက်ကွဲမှုကြောင့် ပြောင်းရွှေ့ရမည့် ခန္တီးမြို့နယ် ၊ ပါဆောင်ကျေးရွာ အ.လ.က ကျောင်းနှင့် လူနေအိမ် (၃) လုံးအတွက် သွပ်နှင့် ထောက်ပံ့ငွေများပေးအပ်
မြေအက်ပွဲမှုကြောင့် ပြောင်းရွှေ့ရမည့် ခန္တီးမြို့နယ်၊ ပါဆောင်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း အတွက် ၁၁ လိုင်းပါ ၇ ပေသွပ် ( ၂၁၆ ) ချပ် ၊ အလူဇင့် ( ၇ × ၃ ) ပေ ပြောင်သွပ် ( ၁၄ ) ချပ်နှင့်  လူနေအိမ် ၃ လုံး အတွက် ငွေကျပ်သုံးသိန်း လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဧပြီ ၃၀ ရက်က ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါဆောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကြောင်ချန်းက လက်ခံရယူခဲ့ကြောင်း သိရ
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမာခံ ကျောက်ချောလမ်းခင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင် စုလွှတ်တော် ရန်ပုံငွေ သိန်း(၁၀ဝ၀)မှ ခွဲဝေချထားခဲ့သော အမှတ်(၆)ရပ်ကွက် ဝိန်းလောင်း တိုးချဲ့ကွက်သစ်ရှိ လမ်းသွယ်(၁)အား အမာခံ ကျောက်ချောလမ်း ပေ(၅၀ဝ) ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ
မကွေးတိုင်းဒေသကြီး၌ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွား
မကွေးတိုင်းဒေသကြီး၌ ဧပြီလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားပြီး မြို့နယ် (၁၂)ခုရှိ အိမ်ထောင်စု ၆၄၀ ၊ လူဦးရေ ၂၇၀၉ ဦး လေဘေးသင့်ခဲ့ကြောင်း ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ သိရ