မြေအက်ကွဲမှုကြောင့် ပြောင်းရွှေ့ရမည့် ခန္တီးမြို့နယ် ၊ ပါဆောင်ကျေးရွာ အ.လ.က ကျောင်းနှင့် လူနေအိမ် (၃) လုံးအတွက် သွပ်နှင့် ထောက်ပံ့ငွေများပေးအပ်

ခန္တီး  ၁  မေ                 

 

မြေအက်ပွဲမှုကြောင့် ပြောင်းရွှေ့ရမည့် ခန္တီးမြို့နယ်၊ ပါဆောင်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း အတွက် ၁၁ လိုင်းပါ ၇ ပေသွပ် ( ၂၁၆ ) ချပ် ၊ အလူဇင့် ( ၇ × ၃ ) ပေ ပြောင်သွပ် ( ၁၄ ) ချပ်နှင့်  လူနေအိမ် ၃ လုံး အတွက် ငွေကျပ်သုံးသိန်း လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဧပြီ ၃၀ ရက်က ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါဆောင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကြောင်ချန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

10256

 

အဆိုပါ ပါဆောင်ကျေးရွာ အ.လ.က ကျောင်းနှင့် လူနေအိမ် ( ၃ ) လုံး၏ မြေနေရာသည် ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လအတွင်း သည်းထန်စွာ ရွာသွန်းသည့်မိုးကြောင့် မြေများအက်ကွဲလာခြင်းဖြစ်ပြီး ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ထောက်ပံ့မှုများ ရရှိနိုင်ရေး တင်ပြလာမှုအပေါ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ရောချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အမ်းအင်းလမ်း ( ပြန်/ဆက် )