ပူတာအိုတွင် သင်္ကြန်ကာလအတွင်း ပျံသန်းမှု ယာယီရပ်ဆိုင်းခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း ပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲ
သင်္ကြန်ကာလ နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပူတာအိုတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းမှုကို ယာယီရပ်ဆိုင်းခဲ့ရာ ယခုအခါ ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် မေ ၁ ရက်မှ စပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ ပျံသန်းလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်း ပူတာအိုဌာနခွဲ တာ၀န်ခံ ဦးလှမြင့်ထံမှ သိရသည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများအား သင်တန်းပေး
ချင်းပြည်နယ် ထန်တလန်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်းများအား ရပ်ရွာအခြေပြု အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ထန်တလန် မြို့နယ်ခန်းမ၌ ကျင်းပသည်။
ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် ဆေးရုံသုံးပစ္စည်း များလှူဒါန်း
ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးအတွက် ဆေးရုံ သုံးပစ္စည်းများကို မေ ၁ ရက် မွန်းလွဲ ၂ နာရီက ပေးအပ်လှူဒါန်းသည်။
ကြို့ပင်ကောက်မြို့၌ ဖျားနာရောဂါ (အခမဲ့) ကုသပေးသည့်ဆေးခန်းတွင် အလှူငွေပေးအပ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ဖျားနာလူနာများအား (အခမဲ့) ကုသပေးသည့် ဆေးခန်းသို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည့်အဖွဲ့က ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသော အလှူငွေရှစ်သိန်းခွဲကို မေလ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီက ပေးအပ်လှူဒါန်းခဲ့သည်။
ကလေးမြို့တွင် Community Based Facility Quarantine  Centre စခန်းပေါင်း ( ၄၄ ) ခု ထားရှိကာ ပြည်ပမှ ပြန်လာသူများကို အသွားအလာကန့်သတ်ထား