ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ဟားခါးမြို့ Facility Quarantine ထားရှိသူများအား လိုအပ်သည်များ သွားရောက်ထောက်ပံ့
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ဟားခါးမြို့၌ Facility Quarantine ထားရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုကာ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများက လယ်ယာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်ပွားမှုများ ဖြစ်ပေါ်နေချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ တောင်သူလယ်သမားများအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများမှ နွေစပါး၊ မိုးစပါးများ အလှည့်ကျ စိုက်ပျိုးရန်၊ မြေသားပြုပြင်ခြင်း၊ တမန်းနိုးခြင်း၊ အငှားဝန်ဆောင် ထွန်ယက်ပြုပြင်ပေးခြင်း၊ အလေအလွင့် အနည်းဆုံးဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကြိတ်ခွဲခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိသည်။
ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပမည့်အပေါ် မူတည်၍ ကလပ်အသင်းများ လေ့ကျင့်မည်
ကိုဗစ်-၁၉ ရောဂါကြောင့် MNL အပါအဝင် ပြည်တွင်းပြိုင်ပွဲများကို ရပ်နားထားရာ ပြည်တွင်းကလပ် အသင်းများအနေဖြင့် ပြိုင်ပွဲပြန်လည်စတင်မည့် ကာလအပေါ်မူတည်၍ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ Hilton ဟိုတယ်များ ပူးပေါင်းကာ နှာခေါင်းစည်းများလှူဒါန်း
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် လူတိုင်းနှာခေါင်းစည်း (Mask) ဝတ်ဆင် ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ Hilton ဟိုတယ်များ ပူးပေါင်းကာ တက္ကစီယာဉ်လုပ်သားများ နှင့် ဟိုတယ်ကုန်ပစ္စည်းပို့ ဝန်ထမ်းများကို အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
ပွင့်ဖြူမြို့နယ် ပေပင်ကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ဒလမြို့နယ်၌ တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ဈေးနှုန်သက်သာစွာဖြင့် ရောင်းချပေး