ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတ က သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၀/၂၀၂၀) ညှိနှိုင်းအစည်းအဝေး ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၀/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားခဲ့
ညောင်လယ်၊ တဇန်း ကျေးရွာများတွင် ဓာတ်အားလိုင်းစတင်တည်ဆောက်
ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာနှင့် တဇန်းကျေးရွာတို့တွင် 11 KV ဓာတ်အားလိုင်းများကို ယောမင်းသမီး ကုမ္ပဏီက ယခုလတွင် စတင်တည်ဆောက်လျက်ရှိရာ ဂန့်ဂေါခရိုင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ဂန့်ဂေါမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိ သူများသည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးကြ
မုံရွာမြို့ ကန်သာယာပျံကျဈေးတွင် ဖော်မလင်ဆေးသုံးထားသော ပဲပြားများတွေ့ရှိသဖြင့် မြေမြှုပ် ဖျက်ဆီး
စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီး ဌာနနှင့် မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ကန်သာယာ ပျံကျဈေးတွင် ယနေ့နံနက် ၇ နာရီက အစားအသောက်များ ဘေးကင်းလုံခြုံရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖော်မလင်ဆေးသုံးရောင်းချလျက်ရှိသော ပဲပြားများ တွေ့ရှိရသဖြင့် မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရ
ကလေးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်းအတွက် လည်ပတ်ရန်ပုံငွေ ၅၆၈ သိန်း ထုတ်ချေးပေး
ကလေးခရိုင်၊ ကလေးမြို့နယ် ကျီကုန်းကျေးရွာတွင် ကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်ကျေးရွာ ပဉ္စမနှစ် စက်ဝန်း အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ကျီကုန်းကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်
မိတ္ထီလာ၌ လေပြင်းတိုက်ခတ်မှုဒဏ်ခံရသည့် မွေကျေးရွာရှိ အိမ်ထောင်စုများအား ကွင်းဆင်း ကူညီထောက်ပံ့
မိတ္ထီလာမြို့နယ် မွေကျေးရွာရှိ လေပြင်းတိုက်ခတ်မှုဒဏ် ခံရသည့် အိမ်ထောင်စုများအား ယနေ့ နံနက် ၁၁ နာရီက ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်သည့် ထောက်ပံ့ငွေနှင့် ကယ်ဆယ် ရေးပစ္စည်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်း ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ