စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်ရှိ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အနွေးထည်များ ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီက မုံရွာမြို့နယ် မုံ့ရွေး၊ သစ်ဆိမ့်၊ ကျောက္ကာ၊ ပြည်တော်သာနှင့် အလုံ စသည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဂန့်ဂေါမြို့ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းသို့ မော်တော်ယာဉ်လှူဒါန်း