ဂန့်ဂေါမြို့ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းသို့ မော်တော်ယာဉ်လှူဒါန်း

ဂန့်ဂေါ၊  ၁၇  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းသို့ မော်တော်ယာဉ်တစ်စီး လှူဒါန်းခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ခေမာသီဝံ ကျောင်းတိုက်၌ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက် ဆိုရှယ်ကုန်မျိုးစုံ ရောင်းဝယ်ရေးမိသားစုမှ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်တစ်စီးအား မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးကျော်ဝေထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူမှုကူညီရေးအသင်းအနေဖြင့် မြို့ပေါ်နှင့် ၁၅ မိုင်အတွင်းရှိတဲ့နေရာကို ကျန်းမာရေးအတွက် အကူအညီ တောင်းခံတဲ့ လူနာများအတွက် ဆေးရုံ၊ ဆေးခန်းများကို အခမဲ့ပို့ဆောင်ပေးနေကြောင်း၊ မြို့ပေါ်နှင့် ၁၅ မိုင်ထက်ကျော်တဲ့ နေရာတွေဖြစ်တဲ့ ပခုက္ကူ၊ မန္တလေး၊ မုံရွာ အစရှိတဲ့ မြို့များကိုလည်း ကားဆီဖိုးဘဲယူပြီး ပို့ဆောင်ပေးနေကြောင်း မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြတ်လင်းက ပြောသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)

 

mdn