ကချင်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် တည်ထားကိုးကွယ်မည့် လွယ်ခမ်းတောင် ကျောက်စိမ်းစေတီ (လွမ်းစေတီ) ပန္နက်တင်မင်္ဂလာပွဲကျင်းပ 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်-လွယ်ခမ်းတောင်တွင် ကချင်ပြည်နယ်အတွင်း၌ ပထမဦးဆုံးအကြိမ် တည်ထားကိုးကွယ်မည့် ကျောက်စိမ်းစေတီ (လွမ်းစေတီ) ပန္နက်တော်တင်မင်္ဂလာပွဲကို ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက မော်ဟန်ရွာ လွယ်ခမ်းတောင်တောရကျောင်း မြေနေရာတွင် ပြုလုပ်သည်။
ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သာပေါင်းမြို့နယ်တွင်ကျင်းပ
သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ကျင်းပသော ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁ဝ နာရီတွင် ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်တွင် လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးရေး ပညာပေးဟောပြော
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း လျှပ်စစ်မီးလင်းရေးနှင့် ဒေသခံပြည်သူများ လျှပ်စစ်အသိ၊ လျှပ်စစ်သတိ အမြဲရှိပြီး လျှပ်စစ်အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်လျက် လျှပ်စစ်မီးလင်းရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကွန်နားကျေးရွာ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရန် တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်

နေပြည်တော်  ၁၃ ဇန်နဝါရီ   

 

မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်းမှ ပုဂံမြို့သို့လာရောက်ပြီး ဒေသခံပြည်သူများအား ကျန်းမာရေး အခမဲ့ပြုစုကုသပေး
မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သက်ရှည်ကျန်းမာပြီး မိသားစုဘဝ စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်စေရန် ရည်ရွယ်၍  မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်း (Myanmar Physiotherapy Association)မှ ဒေါက်တာ ဒေါ်မိမိရီ ဦးဆောင်သော အကြောအဆစ်ပညာရှင် ၄၅ ဦးအဖွဲ့သည် ပုဂံမြို့ ပန်းတော်ကုသိုလ်ပြု ဆေးခန်းတာဝန်ခံ ဒေါ်မော်မော်အောင် ဦးဆောင်သော ကျန်းမာရေးဆရာ၊ ဆရာမများအဖွဲ့နှင့် ပူးပေါင်း၍ ဇန်နဝါရီ ၁၂ ရက်  နံနက် ၈ နာရီက ပုဂံမြို့ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက်သို့ လာရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ကျန်းမာရေးပြုစုကုသခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 
မိုင်းယုနယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုနယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်ကာ မိုင်းယုနယ်မြေရဲစခန်းမှ လှည့်ကင်းအဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးစာပေပွဲတော်(စစ်ကိုင်း) ပထမနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည့် ကလေးစာပေပွဲတော် ပထမနေ့ကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။