မိုင်းယုနယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းယု  ၁၃  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုနယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်ကာ မိုင်းယုနယ်မြေရဲစခန်းမှ လှည့်ကင်းအဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

7

 

အဆိုပါ လှည့်ကင်းအဖွဲ့များသည် မိုင်းယုမြို့နယ်အတွင်းရှိ ညအချိန်များတွင် မြို့ဝင်မြို့ထွက် ဂိတ်များ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးခြင်း၊ တရားမဝင် နယ်မြေဖြတ်ကျော် ဝင်ရောက်မှု မရှိစေရေး၊ လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ခိုးယူသယ်ဆောင်လာမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

55

 

ထိုသို့ ကင်းလှည့်စစ်ဆးရာတွင် နယ်မြေလုံခြုံရေးနှင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအား တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့်အညီ သတိဝီရိယရှိစွာ သွားလာကြရန် သတိပေးမှာကြားခြင်းနှင့် ထူးခြားမှု တစ်စုံတစ်ရာ ပေါ်ပေါ်က်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ သတင်းပေးပို့သွားကြရန် ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ 

 

ကိုကိုနိုင်(ပြန်/ဆက်)