ဂန့်ဂေါမြို့နယ်တွင် ဆောင်းသီးနှံများ ပိုးမွှားကျရောက်မှု ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါမြို့နယ်အတွင်း စိုက်ပျိုးထားသော ဆောင်းသီးနှံများတွင် ပိုးမွှားရောဂါကျရောက်မှုကြောင့် သီးနှံများပျက်စီဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ စိုက်ခင်းများအရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲများ ဆောမြို့နယ်၌ပြုလုပ်
စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဖြစ်သည့် စာပေလေ့လာဖတ်ရှုရေး ဟောပြောပွဲများကို ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဂန့်ဂေါခရိုင် ဆောမြို့နယ်ရှိ ငှက်ပြာကျင်းကျေးရွာ မူလတန်း(လွန်)ကျောင်းနှင့် ငလယ်ခုံကျေးရွာ အလယ်တန်းကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၀က်လက်မြို့နယ်၌ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော 
အမျိုးသမီးရေးရာကော်မတီမှ အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သမံသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၀က်လက်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး
မီးဘေးလုံခြုံရေး အသိပညာပေးခြင်းကို ဇန်နဝါရီ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သစ်စိမ့်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေး
ပွင့်ဖြူမြို့နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၂ ရက်က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် လေးအိမ်စုကျေးရွာတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ ငွေချည်-၉ ဝါမျိုး တောင်သူပညာပေး စံပြဝါစိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ
မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် တောင်သူဦးဝင်းဆောင်၏ ကွင်းအမှတ် ၁၀ဝ၃၊ ဦးပိုင်အမှတ်-၇၊ စိုက်ဧက (၁.၅၀)တွင် စိုက်ပျိုးထားသော မိုးနှောင်းချည်မျှင်ရှည်ဝါ ငွေချည်-၉ ဝါမျိုးတောင်သူ ပညာပေး စံပြဝါစိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတောင်သူ၏ ဝါစိုက်ခင်း၌ ကျင်းပသည်။
သန်လျင်၌ စာပေဟောပြောပွဲ၊ ဆုပေးပွဲနှင့် စာပေပညာရှင်ကြီးများအား ကန်တော့ပွဲကျင်းပ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေဟောပြောပွဲ၊ ဆုပေးပွဲနှင့် စာပေပညာရှင်ကြီးများအား ကန်တော့ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီက သန်လျင်မြို့၊ မြို့သစ်အရှေ့ရပ်ကွက်၊ ပြည်တော်သာလမ်း (ယခင်-ရာဘာလမ်း) ရှိ ငြိမ်းချမ်းရေးကွင်း၌ ကျင်းပခဲ့သည်။