ဖိုးစိန်လမ်းမှာရှိတဲ့ ဟာမိုနီစတူဒီယိုကို ကျွန်မရောက်တော့ ဂီတအဖွဲ့သားတွေ စုံစုံလင်လင် ရောက်နေကြပါပြီ။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ အမျိုးသားဇာတ်ရုံမှာကျင်းပမယ့် ရေဒီယိုခေတ်ရွှေဖြစ်ခဲ့သောသီချင်းများ တေးဂီတဖျော်ဖြေပွဲအတွက် ကြိုတင်သီချင်းတိုက်ကြမှာ ဖြစ်ပါတယ်။