Local Culture & Travel
ယဉ်ကျေးမှုနှင့်ခရီးသွား
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တွင် ပါဝင်သည့် မင်းတပ်မြို့နယ် လှတွီကျေးရွာ၌ စိတ်ဝင်စားဖွယ် Trekking လမ်းကြောင်းနှင့် သဘာဝအလှအပ မြောက်မြားစွာ တည်ရှိ
COVID-19 ကာလအလွန် လည်ပတ်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် လှတွီကျေးရွာတွင် စိတ်လှုပ်ရှားဖွယ် Trekking လမ်းကြောင်းများနှင့် သဘာဝအလှအပများ တည်ရှိနေသည်။
ကိုဗစ်အလွန်ကာလတွင် ခရီးသွားခွင့်ပြုပါက မန္တလေးတိုင်းအတွင်း နေ့ချင်းပြန်ခရီးစဉ်များ သွားလာနိုင်ရန် တင်ပြထား
ကိုဗစ်အလွန်ကာလတွင် ခရီးသွားခွင့်ပြုပါက မန္တလေးတိုင်းအတွင်း နေ့ချင်းပြန်ခရီးစဉ်များ သွားလာ နိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်း (မန္တလေး)မှ သိရသည်။
ကိုဗစ်လွန်ကာလ၌ ကော့သောင်းနှင့် ဘုတ်ပြင်းတွင် ခရီးသွားတို့အတွက် ဆွဲဆောင်ရန် စီစဉ်ထား
ကိုဗစ်လွန်ကာလတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ် လေ့လာနိုင်ရန် ကော့သောင်း၊ ဘုတ်ပြင်းရှိ ဒီရေတောများ၊ ပင်လယ်ပြင်မွေးမြူရေး လုပ်ငန်းမျာနှင့် ပါချန်နှင့် ပုလုံး တုံးတုံး ဒီရေတောတို့ကို သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားရာ
မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်များမှတ်တမ်း သမိုင်းဝင် ကြေးပိဿာချိန်(၆၅၀)ရှိ မဟာမေဃဝဇ္ဇိသန္ဒဝန် ခေါင်းလောင်းတော်
သမိုင်းအမွေအနှစ်ပစ္စည်းများသည် လူမျိုးတစ်မျိုးအတွက် အဖိုးမဖြတ်နိုင်သော ပစ္စည်းများပင်ဖြစ်သည်။ မြန်မာနိုင်ငံ သည် သမိုင်းအမွေအနှစ်ပစ္စည်းများ ယဉ်ကျေးမှုလက်ရာ မြောက်ပစ္စည်းများစွာရှိသည်။ လူငယ်များအနေဖြင့် သမိုင်းတန်ဖိုးကိုနားလည်ကာ လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်လှသည်။
မန္တလေးမြို့မှ လက်ရာမြောက် ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်
မြန်မာ့ကြေးထည် ပစ္စည်းများအနက် လက်ရာမြောက်ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်ကို မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် လေ့လာနိုင်သည်။ ကြေးစည်တော်နှင့် နတ်ရုပ်ကြီးနှစ်ရုပ်မှာ မြန်မာ့ကြေးထည် ပစ္စည်းများထဲမှ လက်ရာမြောက် သမိုင်းဝင်ကြေးထည်ပစ္စည်းများဖြစ်ပြီး .....
ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ဆွမ်းနှင့်ငွေပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကျက်သရေဆောင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၇၉) ကြိမ်မြောက် ငွေပဒေသာပင်နှင့် ဆွမ်းစာရေးတံမဲ ဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
လောင်းလုံးမြို့နယ်တွင် ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီ မင်္ဂလာနှင့်အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဆင်ပုနစ်ကျေးရွာ၊ မြသပိတ်ကျောင်းဝင်း အတွင်းရှိ ရှေးဟောင်းမြသပိတ်စေတီတော် အုတ်မြစ်တော်စီမင်္ဂလာနှင့် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း .....
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့မှ ဦးဆောင် အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယနေ့နံနက်ပိုင်းက ပုဂံပလပ်စတစ် ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက် အဖွဲ့အသီးသီး ပူးပေါင်းပါဝင်ကာ ပလပ်စတစ်အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း .....