Local Culture & Travel
ယဉ်ကျေးမှုနှင့်ခရီးသွား
ကျွန်းလှမြို့နယ် ညောင်ပင်ကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် မော်ကယ်ကျေးရွာအုပ်စု ညောင်ပင်ကျေးရွာတွင် ဇန်နဝါရီ ၂၄ ရက်က ရှေးဟောင်းပစ္စည်းများ တူးဖော်တွေ့ရှိကြောင်း သိရသည်။
လေ့လာဖူးမြော် ကျန်စစ်သားမင်း အောင်မြေအဖြစ် သတ်မှတ်ခဲ့သည့် ထီးလှိုင်ရှင်စေတီတော်
အင်းဝမြို့ကို သက္ကရာဇ် (၇၂၆)တွင် သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၈)က စတင်ခဲ့ပြီး ကုန်းဘောင်ဆက် ဘကြီးတော်မင်း (အေဒီ ၁၈၁၉-၁၈၃၇)အထိ နှစ်ပေါင်း ၄၀၀ ကြာ တည်ရှိခဲ့သော မြို့ဟောင်းဖြစ်ကာ လေ့လာစရာ ရှေးဟောင်းအဆောက်အဦပေါင်း ၆၀၀ ကျော် တည်ရှိသည့် နေရာပင်ဖြစ်သည်။
လေ့လာစရာ နွားထိုးကြီးနယ် ဆံရစ်ဝိုင်းတို့ ရွာနံဘေးက စကြာတောင်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နှင့်အနီး ဆံရစ်ဝိုင်းတို့ရွာဟုခေါ်သော ခံစပ်ကုန်းရွာနံဘေးတွင် ရှေးဟောင်းဗိသုကာ လက်ရာများတည်ရှိရာ စကြာတောင်ကို လေ့လာနိုင်သည်။ စကြာတောင်သည် မြင်းခြံ-ရေဝန်း လမ်းမကြီး၏ လမ်းပိုင်းပေါ်မှကြည့်လျှင် မြင်တွေ့နေရသော တောင်စဉ်တောင်တန်းများထဲမှ ကကြီးပုံဏ္ဌာန်မြင်တွေ့နေရသော တောင်အမြွှာ မောင်နှမပင်ဖြစ်သည်။ စကြာတောင်သည် မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် တည်ရှိပြီး မြင်းခြံမြို့၏ အရှေ့ဘက် (၁၄)မိုင်ခန့်၊ နွားထိုးကြီးမြို့၏ အနောက်မြောက်ယွန်းယွန်း (၉)မိုင်ခန့် အကွာတွင် တည်ရှိသည်။
လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်ကို လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ဖော်ဆောင်နိုင်ရန် ကွင်းဆင်းလေ့လာ
လွိုင်ကော်မြို့နယ်ရှိ ဝမ်ငေါ့ရေတံခွန်နှင့် ထီးရိုးဆေးဝိဇ္ဇာတောင်တော်တို့ကို လည်ပတ်လေ့လာနိုင်မည့် ခရီးစဉ်ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် ၏ ပြောပြချက်အရ သိရသည်။
ကွန်အော်ရေတံခွန်သို့ ဒေသတွင်းပြည်သူများ လာရောက်လည်ပတ်သူ များပြား
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရှိ ကွန်အော်ရေတံခွန်သို့ ရုံးပိတ်ရက်များ၊ ဉပုသ်နေ့များ၊ လပြည့်လကွယ်နေ့များတွင် လာရောက်လည်ပတ်သူများ၊ အပန်းဖြေအနားယူများဖြင့် စည်ကားလျက်ရှိသည်။
ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ် မြို့ချောင်းကျေးရွာအနီး အောင်လောင်ငှက်များနှင့် ကျောက်ဆောင်ကျောက်ဖျာများရှိရာသို့ လူများစုဝေးရောက်ရှိခြင်းအပေါ် သက်ဆိုင်ရာမှ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ခရီးသွားလာစုဝေးခြင်း ယာယီရပ်ဆိုင်း
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအုပ်စု ပဲခူးရိုးမဖြတ်ကျော်လမ်း ဖြစ်သည့် မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်ကားလမ်း မြို့ချောင်းနှင့် တစ်မိုင်ခန့်အကွာ ကားလမ်းဘေးရှိ ညောင်ပင်ကြီးဆီသို့ ယခုရက်ပိုင်းအတွင်း အုပ်စုလိုက်ရောက်ရှိလာကြသော အောင်လောင်ငှက် အကောင်ရေ (၄၀)ခန့် ရောက်ရှိနေကြသည်။