နေပြည်တော် ၂၃ စက်တင်ဘာ
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့- ၂၀၂၀ အထိမ်းအမှတ် အခမ်းအနား (Tourism and Rural Development Online Seminar) ကို Webinar စနစ်ဖြင့် စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးကျင်းပပုံများကို ယင်းနေ့တွင် https://facebook.com/moht.mm/ နှင့် https://tourism.gov.mm/news/live-stream/ တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်