ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့- ၂၀၂၀ အထိမ်းအမှတ် အခမ်းအနားကျင်းပမည်

နေပြည်တော် ၂၃ စက်တင်ဘာ 


ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့- ၂၀၂၀ အထိမ်းအမှတ် အခမ်းအနား (Tourism and Rural Development Online Seminar) ကို Webinar စနစ်ဖြင့် စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။


အဆိုပါ အစည်းအဝေးကျင်းပပုံများကို ယင်းနေ့တွင် https://facebook.com/moht.mm/ နှင့် https://tourism.gov.mm/news/live-stream/ တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 


သတင်းစဉ်