ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ရေးသားသူ Aye Thi Mon
ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် B ပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။
ဗီတာမင် B ဘာတွေ လုပ်ပေးလဲ။
ဗီတာမင် B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက်
• ကိုယ်ခံအားကို အားဖြည့်ပေးတယ်
• ဆဲလ်တွေ ကျန်းမာစေတယ်
• မျိုးဗီဇဆဲလ်တွေကို လုပ်ဆောင်မှု ကောင်းစေတယ်
• အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ်
• ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ် စတာတွေကို လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် B ပြည့်ဝစေဖို့ ဘာတွေ စားရမလဲ။
ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် B ပြည့်ဝစေဖို့ ဆိုရင်
ဆယ်လ်မွန်
ဆယ်လ်မွန်မှာ ဗီတာမင် B အမျိုးအစား တော်တော်လေး စုံပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ
• Thiamine (ဗီတာမင် B1)
• Riboflavin (ဗီတာမင် B2)
• Niacin (ဗီတာမင် B3)
• Pantothenic acid (ဗီတာမင် B5)
• Pyridoxine (ဗီတာမင် B6)
• Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ဖောလိတ် (ဗီတာမင် B9) ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ကိုက်လန် စတာတွေမှာ ပါဝင်နေပါတယ်။
အသည်း နဲ့ ကလီစာ
အသည်းက ဗီတာမင် B ပြည့်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်အသည်း၊ အမဲ အသည်း၊ ဝက်အသည်း၊
ဆိတ်ကလီစာတို့မှာ
• Thiamine (ဗီတာမင် B1)
• Riboflavin (ဗီတာမင် B2)
• Niacin (ဗီတာမင် B3)
• Pantothenic acid (ဗီတာမင် B5)
• Pyridoxine (ဗီတာမင် B6)
• Biotin (ဗီတာမင် B7)
• Folate (ဗီတာမင် B9)
• Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာလည်း ဗီတာမင် B ပါဝင်မှုက မနည်းပါဘူး။ ကြက်ဥ အရွယ်တော် တစ်လုံးမှာ
• Riboflavin (ဗီတာမင် B2)
• Pantothenic acid (ဗီတာမင် B5)
• Biotin (ဗီတာမင် B7)
• Folate (ဗီတာမင် B9)
• Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
နို့
နွားနို့ ၈ အောင်စစာ တစ်ခွက်မှာ
• Thiamine (ဗီတာမင် B1)
• Riboflavin (ဗီတာမင် B2)
• Pantothenic acid (ဗီတာမင် B5)
• Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။
အမဲသား
အမဲသားမှာ ဗီတာမင် အမျိုးအစား တော်တော်လေး စုံစုံလင်လင် ပါဝင်နေပါတယ်။
• Thiamine (ဗီတာမင် B1)
• Riboflavin (ဗီတာမင် B2)
• Niacin (ဗီတာမင် B3)
• Pantothenic acid (ဗီတာမင် B5)
• Pyridoxine (ဗီတာမင် B6)
• Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။