ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ရေးသားသူ Aye Thi Mon

 

ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် B ပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။

 

ဗီတာမင် B ဘာတွေ လုပ်ပေးလဲ။

 

ဗီတာမင် B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက်

 

•    ကိုယ်ခံအားကို အားဖြည့်ပေးတယ်

 

•    ဆဲလ်တွေ ကျန်းမာစေတယ်

 

•    မျိုးဗီဇဆဲလ်တွေကို လုပ်ဆောင်မှု ကောင်းစေတယ်

 

•    အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ်

 

•    ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ် စတာတွေကို လုပ်ဆောင်ပေးပါတယ်။

 

ဗီတာမင် B ပြည့်ဝစေဖို့ ဘာတွေ စားရမလဲ။

 

ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် B ပြည့်ဝစေဖို့ ဆိုရင်

 

ဆယ်လ်မွန်

 

ဆယ်လ်မွန်မှာ ဗီတာမင်  B အမျိုးအစား တော်တော်လေး စုံပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ

 

•    Thiamine (ဗီတာမင် B1)

 

•    Riboflavin (ဗီတာမင် B2)

 

•    Niacin (ဗီတာမင် B3)

 

•    Pantothenic acid (ဗီတာမင် B5)

 

•    Pyridoxine (ဗီတာမင် B6)

 

•    Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

 

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

 

အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ဖောလိတ် (ဗီတာမင် B9) ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ကိုက်လန် စတာတွေမှာ ပါဝင်နေပါတယ်။

 

အသည်း နဲ့ ကလီစာ

 

အသည်းက ဗီတာမင် B ပြည့်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်အသည်း၊ အမဲ အသည်း၊ ဝက်အသည်း၊ 


ဆိတ်ကလီစာတို့မှာ

 

•    Thiamine (ဗီတာမင် B1)

 

•    Riboflavin (ဗီတာမင် B2)

 

•    Niacin (ဗီတာမင် B3)

 

•    Pantothenic acid (ဗီတာမင် B5)

 

•    Pyridoxine (ဗီတာမင် B6)

 

•    Biotin (ဗီတာမင် B7)

 

•    Folate (ဗီတာမင် B9)

 

•    Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

 

ဥအမျိုးမျိုး

 

ဥအမျိုးမျိုးမှာလည်း ဗီတာမင် B ပါဝင်မှုက မနည်းပါဘူး။ ကြက်ဥ အရွယ်တော် တစ်လုံးမှာ

 

•    Riboflavin (ဗီတာမင် B2)

 

•    Pantothenic acid (ဗီတာမင် B5)

 

•    Biotin (ဗီတာမင် B7)

 

•    Folate (ဗီတာမင် B9)

 

•    Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

 

နို့

 

နွားနို့ ၈ အောင်စစာ တစ်ခွက်မှာ

 

•    Thiamine (ဗီတာမင် B1)

 

•    Riboflavin (ဗီတာမင် B2)

 

•    Pantothenic acid (ဗီတာမင် B5)

 

•    Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

 

အမဲသား

 

အမဲသားမှာ ဗီတာမင် အမျိုးအစား တော်တော်လေး စုံစုံလင်လင် ပါဝင်နေပါတယ်။

 

•    Thiamine (ဗီတာမင် B1)

 

•    Riboflavin (ဗီတာမင် B2)

 

•    Niacin (ဗီတာမင် B3)

 

•    Pantothenic acid (ဗီတာမင် B5)

 

•    Pyridoxine (ဗီတာမင် B6)

 

•    Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။