နွားထိုးကြီး ၅ ဇူလိုင်
နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာတွင် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ် အချိန်တွင် လျှပ်စစ်ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့၊ ရွာကြီးကျေးရွာ ဦးသန်းလွင်၏ လူနားနေဆောင်တဲရှိ လျှပ်စစ်ဝါယာကြိုးမှ ရှော့ဖြစ်ကာ နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်တွင် မီးစတင်လောင်ခဲ့ပြီး မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင်ငြိမ်းနှင့် မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးကျော်ဇင်လင်းနှင့် တပ်ဖွဲ့ဝင်များနှင့်အတူ ရွာကြီး ကျေးရွာ မီးသတ်တပ်ဖွဲ့များ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ဝိုင်ဝင်းမီးငြိှမ်းသတ်ခဲ့၍ ၂ နာရီ ၊မိနစ် ၂၀ တွင် မီးညွန့်ကျိုးကာ မီးလုံးဝငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် လူနားနေဆောင်တဲ(၁)လုံး မီးလောင် ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးသုံးစွဲသူ ဦးသန်းလွင်အား နွားထိုးကြီးမြို့ မြို့မ ရဲစခန်းမှ အရေးယူဆေဆာင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းအောင်ဇော်