နွားထိုးကြီးမြို့နယ်တွင် လျှပ်စစ်ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွား

နွားထိုးကြီး     ဇူလိုင်

နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာတွင် ယနေ့မွန်းလွဲ နာရီ ၁၅ မိနစ် အချိန်တွင်  လျှပ်စစ်ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့၊ ရွာကြီးကျေးရွာ ဦးသန်းလွင်၏ လူနားနေဆောင်တဲရှိ လျှပ်စစ်ဝါယာကြိုးမှ  ရှော့ဖြစ်ကာ နေ့လယ် နာရီ ၁၅ မိနစ်အချိန်တွင် မီးစတင်လောင်ခဲ့ပြီး မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးတင်ငြိမ်းနှင့် မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးကျော်ဇင်လင်းနှင့် တပ်ဖွဲ့ဝင်များနှင့်အတူ ရွာကြီး ကျေးရွာ မီးသတ်တပ်ဖွဲ့များ ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ဝိုင်ဝင်းမီးငြိှမ်းသတ်ခဲ့၍ နာရီ ၊မိနစ် ၂၀ တွင် မီးညွန့်ကျိုးကာ မီးလုံးဝငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် လူနားနေဆောင်တဲ()လုံး မီးလောင် ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  လျှပ်စစ်မီးသုံးစွဲသူ ဦးသန်းလွင်အား နွားထိုးကြီးမြို့ မြို့မ ရဲစခန်းမှ  အရေးယူဆေဆာင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်