အိမ်မဲ ၃၀ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဌာနဆိုင်ရာများသို့ Bleaching Powder ပိုးသတ်ဆေးများကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ Bleaching Powder ပိုးသတ်ဆေးများကို မြို့နယ်အတွင်းရှိဌာနဆိုင်ရာများက မိမိတို့ရုံးတွင် ပိုးသတ် ဆေးများ ပက်ဖျန်းနိုင်ရေးအတွက် အသီးသီးလာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။
"COVID -19 ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ဌာနဆိုင်ရာအသီသီးမှာ ပိုးသတ်ဆေးပတ်ဖျန်းနိုင်ရန်အတွက် ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်၊ ရုံးဌာနတစ်ခုကို Bleaching Powder အမှုန့် စတီးဇွန်းနဲ့ ဇွန်း ၂၀ စီပေးပါတယ်။ သူတို့ရုံးတွေမှာ စားပွဲ၊ ကုလားထိုင်၊ နံရံတွေကို ဖျန်းဖို့ပြောပြပေးပါတယ်။ ဆေးမလောက်ရင်လည်း လာယူနိုင်ကြောင်း''ကျန်းမာရေးဝန်ထမ်းဆရာမတစ်ဦးက ပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)