အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံက ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန် Bleaching Powder ပိုးသတ်ဆေးများဖြန့်ဝေပေး

အိမ်မဲ ၃၀  မတ် 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံမှ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဌာနဆိုင်ရာများသို့ Bleaching Powder ပိုးသတ်ဆေးများကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ Bleaching Powder ပိုးသတ်ဆေးများကို မြို့နယ်အတွင်းရှိဌာနဆိုင်ရာများက မိမိတို့ရုံးတွင် ပိုးသတ် ဆေးများ ပက်ဖျန်းနိုင်ရေးအတွက် အသီးသီးလာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။


"COVID -19 ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ဌာနဆိုင်ရာအသီသီးမှာ ပိုးသတ်ဆေးပတ်ဖျန်းနိုင်ရန်အတွက် ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်၊ ရုံးဌာနတစ်ခုကို Bleaching Powder အမှုန့် စတီးဇွန်းနဲ့ ဇွန်း ၂၀ စီပေးပါတယ်။ သူတို့ရုံးတွေမှာ စားပွဲ၊ ကုလားထိုင်၊ နံရံတွေကို ဖျန်းဖို့ပြောပြပေးပါတယ်။ ဆေးမလောက်ရင်လည်း လာယူနိုင်ကြောင်း''ကျန်းမာရေးဝန်ထမ်းဆရာမတစ်ဦးက ပြောသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)