ယူရို ၂၀၂၂ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျာမနီအသင်းနဲ့ အင်္ဂလန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံ

ဂျာမနီအမျိုးသမီးအသင်းနဲ့ ပြင်သစ်အမျိုးသမီးအသင်းတို့ ဇူလိုင် ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၂ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျာမနီအမျိုးသမီးအသင်းက ပြင်သစ်အမျိုးသမီး အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဂျာမနီအသင်းဟာ ယူရို ၂၀၂၂ အမျိုးသမီး ဘောလုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ ဂျာမနီအမျိုးသမီးအသင်းအတွက် သွင်းဂိုး နှစ်ဂိုးကို ပေါ့ပ်က ပွဲကစားချိန် မိနစ် ၄ဝ နဲ့ ၇၆ မိနစ်တို့မှာ နှစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ပြင်သစ်အမျိုးသမီးအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန်၄၄ မိနစ်မှာ ဂျာမနီကစားသမား ဖရွမ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိသလိုဖြစ်ခဲ့တဲ့ သွင်းဂိုးကြောင့် ချေပဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲတွေမှာ ရှစ်ကြိမ်အထိ ချန်ပီယံဖြစ်ထားတဲ့ ဂျာမနီအမျိုးသမီးအသင်းဟာ ယခု ယူရို ၂၀၂၂ အမျိုးသမီး နောက်ဆုံးဗိုလ်လုပွဲမှာ အင်္ဂလန်အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အင်္ဂလန်အမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဆွီဒင်အမျိုးသမီးအသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်