ယူကေရဲ့ ထိပ်တန်းတေးသီချင်း ၁၀၀ စာရင်းမှာ နံပါတ်သုံးနေရာမှာ ရပ်တည်နေတဲ့ My Universe

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့အမျိုးသားတေးဂီတအဖွဲ့ BTS နဲ့ ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့ Coldplay တို့ ပူးပေါင်းဖန်တီးထားတဲ့ တေးသီချင်း My Universe ဟာ လက်ရှိမှာ ယူကေရဲ့ ထိပ်တန်း တေးသီချင်း ၁၀၀ စာရင်းမှာ နံပါတ်သုံးနေရာကို ရယူထားနိုင်ကြောင်း ‌အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။

အဆိုပါတေးသီချင်းဟာ ယူကေရဲ့ ထိပ်တန်း တေးသီချင်း ၁၀၀ အရောင်းစာရင်းမှာ နံပါတ်တစ်နေရာ ရရှိနေပါတယ်။ ဒေါင်းလုဒ်ရယူမှုလည်း အများဆုံး တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အဆိုပါတေးသီချင်း ဟာ Coldplay ရဲ့ အောက်တိုဘာ ၁၅ ရက်မှာ စတင်ထုတ်လွှင့်မယ့် တေးအယ်လ်ဘမ်သစ် Music of The Spheres မှာ ပါဝင်မယ့် တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

အေးပြည့်