ယနေ့တိုင် မြန်မာမှုဆံကေသာ ဆံရစ်ဝိုင်းထားရှိသည့် ခံစပ်ကုန်းရွာ

နွားထိုးကြီး ၁၅ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဗူးကိုင်းကျေးရွာအုပ်စု ခံစပ်ကုန်းရွာတွင် ယနေ့တိုင် မြန်မာမှုဆံကေသာ ဆံရစ်ဝိုင်း၊ ဆံထောက်ထားရှိလျက်ရှိရာ ပြိုင်ပွဲဝင် ဓာတ်ပုံပညာရှင်များ ဆံရစ်ဝိုင်းတို့ထားရှိမှုကို ဓာတ်ပုံရိုက်ကူးမှု များပြားလျက်ရှိကြောင်း အလှဓာတ်ပုံဆရာ ကိုကိုမင်း(ပြင်စည်)က ပြောပြသည်။ 

 

1760

 

ခံစပ်ကုန်းရွာမှ မိန်းကလေးများမှာ ငယ်ရွယ်စဉ်ကာလ ဆံရစ်ဝိုင်းထားရှိပြီး ပျိုဖော်ဝင်စအရွယ်တွင် ဆံထောက်များထားရှိကြသည်။ 

 

2288

 

အရွယ်ရောက်ကာ အိမ်ထောင်ပြုပါက အုပ်လုံးသိမ်းဆိုသော ဆံကေသာထားရှိမူကို အရွယ်အလိုက် ပြုလုပ်လေ့ရှိသည်။    

ပြိုင်ပွဲဝင် အလှဓာတ်ပုံရိုက်ကူးသူများမှာ ခံစပ်ကုန်းရွာမှ ဆံရစ်ဝိုင်းများကိုသာ သီးသန့်ရိုက်ကူးကြသည်။ လက်ရှိကာလတွင် မြန်မာ့ရိုးရာဆံကေသာထားရှိသည့် ခံစပ်ကုန်းရွာသို့ အလှဓာတ်ပုံရိုက်ကူးသူများ ရုပ်သံရိုက်ကူးသူများ လာရောက်လေ့လာ ရိုက်ကူးမှု များပြားလာကြောင်း သိရသည်။ ခံစပ်ကုန်းရွာအနီးရှိ စကြာ်တောင်ပေါ်တွင်လည်း ရှေးဟောင်း ဘုရားစေတီများကို လေ့လာနိုင်ပြီး စကြာ်တောင်ပေါ်တက်ရာလမ်းတွင်လည်း မြေအတွင်း နစ်မြုပ်နေသည့် ရှေးဟောင်းရုပ်ပွားတော်များကိုလည်း လေ့လာနိုင်သည်။

တိမ်တမန်