ယခုနှစ်အတွင်း ဂူဂဲလ်မှာ ရှာဖွေခံရဆုံးသော အာရှသားဖြစ်လာတဲ့ ဗွီ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗွီဟာ ယခုနှစ်အတွင်း ဂူဂဲလ်မှာ အကြိမ်အများဆုံး ရှာဖွေခံရတဲ့ အာရှသား ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဗွီအနေနဲ့ အာရှမှာ ကျော်ကြားသူတွေအနက် ဂူဂဲလ်မှာ အများဆုံးရှာဖွေခံရသူဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ဂူဂဲလ်က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စာရင်းရဲ့ ဒုတိယနေရာမှာ အခြားသော BTS အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျုံးဂုက ရပ်တည်နေပြီး ပါ့ခ်ဂျီမင်းကတော့ စတုတ္ထနေရာမှာ ရှိနေတာတွေ့ရပါတယ်။ အဆိုပါစာရင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၁၄ ရက်အတွင်း ဂူဂဲလ်ပေါ်မှာ ရှာဖွေခံခဲ့ရတဲ့ အကြိမ် အရေအတွက်ပေါ်မူတည်ကာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်