ယခုနှစ် ရူပဗေဒနိုဘယ်လ်ဆုကို ကွမ်တမ် သတင်းအချက်အလက် သိပ္ပံပညာရပ်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်သည့် ရူပဗေဒပညာရှင် သုံးဦးရရှိ

စတော့ဟုမ်း အောက်တိုဘာ ၅

 

ယခုနှစ် ရူပဗေဒနိုဘယ်လ်ဆုကို ရူပဗေဒပညာရှင် သုံးဦးဖြစ်သည့် Alain Aspect၊ John Clauser နှင့် Anton Zeilinger တို့က ရရှိခဲ့ကြောင်း သိရသည်။

 

၎င်းတို့သည် ရောထွေးလျက်ရှိသည့် လျှပ်စစ်စွမ်းအင်များ (ဖိုတွန်များ) ကို လေ့လာပြီး  လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါလက်တွေ့ စမ်းသပ်မှုများသည် ကွမ်တမ်သတင်းအချက်အလက် သိပ္ပံ (quantum information science) ပညာရပ်ကို ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အပံ့ဖြစ်စေသည့်အတွက် ယခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ၎င်းသုံးဦးအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

Royal Swedish Academy of Sciences က ရူပဗေဒပညာရှင်သုံးဦးဖြစ်သည့် Alain Aspect၊ John Clauser နှင့် Anton Zeilinger တို့အား ဆုချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း အောက်တိုဘာ ၄ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 

အမှုန်များသည် ရောထွေးနေသည့် အခြေအနေရောက်ရှိသည့်တိုင် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိပြီး သက်ရောက်မှုရှိကြောင်း လက်တွေ့စမ်းသပ်မှုများ နှင့် သီအိုရီများမှတစ်ဆင့် သက်သေပြသနိုင်ခဲ့သည်။

 

အဆိုပါတွေ့ရှိမှုသည် ကွမ်တမ်သတင်းအချက် အလက်သိပ္ပံအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်စေခဲ့သည်။

 

ကွမ်တမ်နည်းပညာသည် ကွမ်တမ်ရွေ့ရှားမှုနှင့် စွမ်းအင်ဆိုင်ရာ သိပ္ပံပညာရပ်၏ အခြေခံမူများ သို့မဟုတ် အက်တမ်ခွဲအမှုန်များ၏ ရူပဗေဒကို လေ့လာသည့်ပညာရပ်ဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်