ဆာနား   မတ်   ၁၆

 

ယီမင်နိုင်ငံရှိ ဟူသီသူပုန်များအားထောက်ခံမှုကို အဆုံးသတ်ရမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏သတိပေးချက်ကို   အီရန်ကတုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရသည် ယီမင်ပြည်သူများအား သတ်ဖြတ်ခြင်းကို ရပ်တန့်ရမည် ဖြစ်သည့်အပြင် အီရန်နိုင်ငံခြားရေး မူဝါဒကို စီရင်ပိုင်ခွင့်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာ့စ်အရတ်ချိက ယနေ့ပြောကြားသည်။

 

အမေရိကန်ပြည်ထောင်စု၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ယီမင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် လူဒါဇင်ပေါင်းများစွာသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာခေးက ပြောကြားသည်။

 

အမေရိကန်၏ စစ်ရေးအရရန်စမှုသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်  အင်အား အသုံးပြုမှုတားမြစ်ခြင်းနှင့်   နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာခြင်းဆိုင်ရာ  နိုင်ငံတကာဥပဒေများ၏   အခြေခံစည်းမျဉ်းများကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခြင်းကြောင့် ၎င်းကဆက်လက်ပြောကြားသည်။

 

ယီမင်ရှိ ဟူသီများအပါအဝင် မည်သည့်တော်လှန်ရေးအဖွဲ့၏ အမျိုးသားရေး သို့မဟုတ် စစ်ဆင်ရေး မူဝါဒများတွင် အီရန်ကပါဝင်ခြင်းမရှိကြောင်း ၎င်းကပြောကြားသည်။ အမေရိကန်၏ တိုက်ခိုက်မှုများကို ရှုတ်ချနေချိန်တွင် အီရန်သည် အမေရိကန်နှင့် တင်းမာမှုများတိုးမလာစေရန် မျှော်လင့်နေပုံရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်