ဝါရှင်တန်တွင် ကျင်းပမည့် G7 အစည်းအဝေး တက်ရောက်ရန် ဂျာမနီဝန်ကြီးများ ငြင်းဆန်

၁၀ ဇူလိုင်

 

 

အမေရိကန် ပြည်ထောင်စုရှိ G7 အဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်၏  ဖိတ်ကြားချက်ကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟီကို မက်စ်နှင့် ဘဏ္ဍာရေးဝန်ကြီး လာချိုဇက်တို့က ငြင်းဆန်ခဲ့သည်။

 

 

ဂျာမနီက ဇူလိုင်လ ၂၉ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးပွဲသို့ ပြည်နယ်၏ အတွင်းရေးမှူးများ တက်ရောက်မည်ဖြစ်ကြောင်း အမေရိကန် အစိုးရသို့ ပြောကြားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီ၏ သတင်းရင်းမြစ်များကို ကိုးကားပြီး Der Spiegel မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

 

 

အခြား G7 အဖွဲ့ဝင် နိုင်ငံများမှလည်း ဒုတိယအဆင့် ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်ရန် စဉ်းစားနေကြောင်း အဆိုပါ မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

 

 

မေလ အတွင်းကလည်း ဝါရှင်တန်မှာ ကျင်းပသည့် G7 ထိပ်သီးတွေ့ဆုံပွဲကိုလည်း   ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလ်လာ  မာကယ်က တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

2429