ဝင်ဘယ်ဒန်တင်းနစ်ပွဲစဉ် ဒုတိယနေ့မှာ ပွဲကြီးပွဲကောင်း ၃ ပွဲ ကြည့်ရှုနိုင်

၂ ဇူလိုင်

 


မနေ့က စတင်ကျင်းပတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘယ်ဒန် တင်းနစ်ပွဲစဉ်ရဲ့ ဒုတိယနေ့မှာ ပွဲကြီးပွဲကောင်း ၃ ပွဲကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

 

ပထမပွဲစဉ်ကတော့ ဆွစ်ဇာလန်နိုင်ငံသား ရော်ဂျာဖာဒါရာ ကမ္ဘာ့အဆင့်(၃) နဲ့ အသက် ၂၂ နှစ်အရွယ် တောင်အာဖရိနိုင်ငံသား လွိုင်ဒ် ဟဲရစ် တို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဝင်ဘယ်ဒန် (၈) ကြိမ် ချန်ပီယံ  ဖာဒါရာနဲ့ ကမ္ဘာ့အဆင့် ၈၆ ရှိတဲ့ ဟဲရစ် တို့ အကြိတ်အနယ် ကစားကြမှာဖြစ်ပါတယ်။ 

 

ဒုတိယပွဲစဉ်ကတော့ စပိန်နိုင်ငံသား ရာဖဲလ် နာဒါ ကမ္ဘာ့အဆင့် (၂) နဲ့ ယူချီဆူဂီတာ တို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၂၇၄ ရှိ အသက် ၃၀ အရွယ် ဂျပန်နိုင်ငံသား ဆူဂီတာ ၂၀၁၇ ခုနှစ်က ဗြိတိန်နိုင်ငံသာ ဘရက်ဒလေ ကယ်လင် ကို သာ ဝင်ဘယ်ဒန် ပွဲစဉ်မှာ အနိုင်ရဖူးသူဖြစ်တယ်။ 

 

တတိယပွဲစဉ်ကတော့ အမေရိကန်နိုင်ငံသူ ဆရီနာ ဝီလီယမ် နဲ့ အီတလီနိုင်ငံသူ ဂျူလီယာ ဂါတိုမွန်တီကွန်း  တို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁၁ ၊ ဝင်ဘာဒန် ဖလား ၇ ကြိမ်ရရှိဖူးသူ ဆရီနာ နဲ့ ကမ္ဘာ့အဆင့် ၁၆၁ အဆင့်ရှိ ဂျူလီယာတို့ ကစားမှာဖြစ်ပါတယ်။ 

 

ဝင်ဘယ်ဒန် ဖွင့်ပွဲပွဲစဉ်အဖြစ် မနေ့ကပွဲစဉ်မှာ ဝင်ဘယ်ဒန် ဖလား ၅ ကြိမ်ရ ဗီးနပ်စ်ဝီလီယမ် နဲ့ အမေရိကန်နိုင်ငံသူ အသက် ၁၅ နှစ်အရွယ်၊ ကမ္ဘာ့အဆင့် ၃၁၃ ရှိ ကိုရီ ဂတ်ဖ် တို့ ယှဉ်ပြိုင်ကစားရာ ကိုရီဂတ်ဖ်က ဗီးနပ်စ် ဝီလီယမ်ကို အနိုင်ယူခဲ့တာကို တွေ့ရပါတယ်။ 

 

MDN
ကိုးကား - AFP