ဝင်ဘယ်ဒန်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် ဆွီယာတက်ခ်၊ ကိုကိုငါ့ဖ်တို့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ၊ ဝက်ဆန် နောက်တစ်ဆင့်တက်ရောက်

ဝင်ဘယ်ဒန် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် နာမည်ကြီး ဆွီယာတက်ခ်၊ ကိုကိုဂေါ့ဖ်တို့ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရပြီး ဝက်ဆန် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ဖလားဆွတ်ခူးရန် ထင်ကြေးပေးခြင်းခံနေရသည့် ကမ္ဘာ့နံပါတ်တစ် ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် သည် ပြိုင်ဘက်ပြင်သစ်တင်းနစ်မယ် ကော်နက်ကို ၆-၄၊ ၆-၂ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ဆွီယာတက်ခ်သည် ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် ၎င်း၏ ၃၇ ပွဲဆက် နိုင်ပွဲရရှိမှု စံချိန်လည်း ကျိုးပျက်ခဲ့ရပြီဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်မှ အခြားသော ပွဲစဉ်အဖြစ် အမေရိကန်တင်းနစ်မယ် ကိုကိုဂေါ့ဖ်နှင့် အနစ်ဆီမိုဗာ တို့ပွဲစဉ်တွင်လည်း နာမည်ကြီး ကိုကိုဂေါ့ဖ်သည် ပြိုင်ဘက်ကို ၇-၆ (၇-၄)၊ ၂-၆၊ ၁-၆ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

သို့သော်လည်း နာမည်ကြီး ဗြိတိန်တင်းနစ်မယ် ဝက်ဆန်သည် စလိုဗေးနီးယားတင်းနစ်မယ် ဂျူဗန်ကို ၇-၆ (၈-၆)၊ ၆-၂ ဖြင့် အနိုင်ရရှိကာ သမိုင်းတစ်လျှောက် ဂရင်းဆလမ်းပြိုင်ပွဲ စတုတ္ထအဆင့်သို့ ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့သည်။ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် နာမည်ကြီးတင်းနစ် ကစားသမားများဖြစ်သည့် နာဒယ်၊ ဒီဂျိုကိုဗစ်၊ အော်ရီတို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။

အောင်ဇော်