ဝက်လက်မြို့နယ်၌ ဂျုံ ၈ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့်   အချက်လက်ကွင်းဆင်းကောက်ယူ

ဝက်လက်  ၂၀  ဇန်နဂါရီ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သုတေသနဦးစီးဌာနတို့ ပူး​ပေါင်းကာ ဂျုံ ၈ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်ကို မင်းရွာကျေးရွာ စခန်းတာဝန်ခံ ဒေါ်ဆွေဆွေးဌေး နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခြင်းနှင့် Data (အချက်အလက်များ) ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဂျုံ ၈ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ကို ကွင်းဆင်းစစ်ဆေခြင်းနှင့် Data (အချက်လက်) ကောက်ယူ ရာတွင် ဂျုံမျိုးများ၏ အပင်ဖြစ်ထွန်းမှု အခြေနေကိုလည်ကောင်း၊ ဂျုံတစ်မျိုးခြင်စီ၏ အပင်အမြင့် ပင်ပွားများကို ကောက်ယူပြီး တောင်သူများကိုလည်း သဘာဝပိုးသတ်ဆေးဖျော်စပ်နည်း ငါးအမိုင်နိုအားဆေး ဖျော်စပ်နည်းများကို အသိပညာပေးဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး  စိုက်ပျိုးရေးနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာ အခက်ခဲရှိပါက ဆက်သွယ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ၏ဖုန်းနံပါတ်များကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင်(ဝက်လက်)