ဝက်လက်၊  ၂၂ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ခုနစ်ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ ခုနစ်ဦးမှာ ဝက်လက်မြို့နယ် တကောင်းဒေါင့် ကျေးရွာနေ ၁၂ နှစ်နှင့် ၇ နှစ်အရွယ် အမျိုးသား နှစ်ဦး၊ ရွှေပန်းကုံးကျေးရွာနေ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦးနှင့် လသားအရွယ် ကလေးငယ် တစ်ဦးတို့ကို မေတ္တာရှင် လူမှုကူညီးရေးအသင်ဝင်များမှ ကျေးရွာများအထိ သွားရောက်ခေါ်ယူ၍ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာအဆောင်တွင် ပို့ဆောင်ထားရှိပြီး မြို့နယ်ကျန်မာရေး ဦးစီးဌာနက ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိစပ်သူများကို RDT Test Kit စစ်ဆေးပေးခြင်း၊ Home Quarantine ထားရှိကာ အသွားအလာ ကန့်သတ်ထားပြီး လိုအပ်သော ကျန်မာရေးဆေးစစ်ချက်များ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် ဇွန် ၂၂ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၁၄ ဦးကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စားရေးသောက်တာကို စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

စိုးစိုးလှိုင်(ဝက်လက်)