ဝက်စ်ဟမ်းအသင်းက အီတလီတိုက်စစ်မှူး စကာမက်ကာကို ပေါင် ၃၀ ဒသမ ၅ သန်းဖြင့် ခေါ်ယူ

ဝက်စ်ဟမ်းအသင်းဟာ ဆာဆူအိုလိုအသင်းမှ အီတလီတိုက်စစ်မှူး စကာမက်ကာကို ပြောင်းရွှေ့ကြေး ပေါင် ၃၀ ဒသမ ၅ သန်းနဲ့ စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

တိုက်စစ်မှူး စကာမက်ကာဟာ ပရီမီယာလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့လာချိန်မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရရှိမယ့် အခွင့်အရေးတစ်ရပ်နဲ့အတူ ငါးနှစ်သက်တမ်းရှိစာချုပ် တစ်ရပ် ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး စကာမက်ကာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဆာဆူအိုလိုအသင်း နဲ့အတူ ပွဲစဉ် ၃၆ ပွဲမှာ သွင်းဂိုး ၁၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့အီတလီစီးရီးအေပြိုင်ပွဲမှာ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်မှူး စကာမက်ကာဟာ ပီအက်စ်ဗွီအသင်းသို့ မပြောင်းရွှေ့မီလာဇီယိုအသင်းနဲ့ ရိုးမားအသင်း တို့မှာ ကစားခဲ့ပြီး ပီအက်စ်ဗွီအသင်းမှာ ၁၈ လကြာ ကစားပြီးနောက် ဆာဆူအိုလိုအသင်းကို ပြောင်းရွှေ့ ခဲ့သူလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး လင်ဂတ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် လင်ဂတ်ဟာ နော့တင် ဟမ်ဖောရက်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုက်စစ်မှူး စကာမက်ကာကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းခွင့်ရရှိခဲ့ပြီး ပရီမီယာလိဂ်ပြိုင်ပွဲမှာလည်း ရာသီသိမ်းချိန်မှာ အဆင့်ခုနစ်နေရာမှာ ရပ်တည်ခွင့် ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားတဲ့ အသင်းလည်းဖြစ်ပါတယ်။

ငွေကြယ်