ဝီဂါလူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်သည့် တရုတ် တာဝန်ရှိသူများအား အမေရိကန် အရေးယူ

၁၀ ဇူလိုင်

 

 

ဝီဂါလူမျိုးများအပေါ် လူအခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည် ဆိုသည့် တရုတ် တာဝန်ရှိသူများကို အမေရိကန် ပြည်ထောင်စုမှ ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

 

 

တရုတ်ကွန်မြူနစ်ပါတီက အကြီးတန်း အရာရှိသုံးဉီးနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ကြေညာချက်အတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

 

ပိတ်ဆို့ အရေးယူမှုများတွင် ရှင်းကျန်ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပါတီ၏ အတွင်းရေးမှူး ချန်ကျူဂိုနှင့် ဒေသတွင်း ထိပ်တန်းလုံခြုံရေး အရာရှိများ ပါဝင်သည် ဟု ဆိုသည်။

 

 

ချန်သည် ပါတီဝင် ၂၅ ဉီး ပါဝင်သည့် ကွန်မြူနစ်ပါတီဝင် တစ်ဉီးဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် လည်း ပါဝင်သည်။

 

 

အဆိုပါ တာဝန်ရှိသူ သုံးဉီးသည် လူနည်းစုဖြစ်သည့် ဝီဂါမွတ်ဆလင်များ၏ ယဉ်ကျေးမှုကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းနှင့် မတရားဖမ်းဆီး ချုပ်နှောင်ခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။

 

 

အဆိုပါ  တာဝန်ရှိသူ သုံးဉီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ထိပ်တန်းအရာရှိ တစ်ဉီးကိုလည်း အမေရိကန် ပြည်ထောင်စုမှ ပိတ်ဆို့ အရေးယူမှုပြုလုပ်ခဲ့သည်။

 

 

အမေရိကန်ပြည်ထောင်စုမှ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်စေခဲ့ပြီး အမေရိကန် စီးပွားရေး လုပ်ငန်းများနှင့် မသက်ဆိုင်တော့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

 

 

ဝီဂါမွတ်လဆင် လူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ပါဝင်ပတ်သက်နေသည့် တရုတ်အရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုမှ  လူ့အခွင့်အရေး မူဝါဒ အက်ဉပဒေကို ပြီးခဲ့သည့်လက ပြဌာန်းခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် တန်ပြန် အစီအမံများ ပြုလုပ်လာနိုင်သည်ဟု ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်