ရန်ကုန် ၆ ဧပြီ
We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့မှ တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို ဧပြီ ၅ ရက်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လာရောက်လှူဒါန်းရာတွင် တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ရဟန်း၊ သာမဏေနှင့် ကျောင်းသားများအတွက် ဆန် (၆)ပြည်ပါ ဆန်အိတ်(၁၀ဝ)အိတ်၊ ဆီ(၅၀)ကျပ်သားဗူး (၁၀ဝ)ဗူး၊ ကြက်ဥ (၁၀ဝ၀)လုံး၊ ငရုတ်သီးမုန့် (၂၀ဝ)ထုပ်၊ အိပ်ယာခင်း (၂၀)ခု၊ ခေါင်းအုံးစွပ် (၄၀)ခု၊ ဖက်ခေါင်းအုံးစွပ် (၂၀)ခု၊ မုန့် (၆)ဖာနှင့် အချိုရည် (၈)ကဒ်တို့ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်ကာလတွင် အခက်အခဲမဖြစ်စေရန် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုအား ဂုဏ်ပြုသောအားဖြင့် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ပဓာနနာယက (ကျောင်းအုပ်) ဆရာတော်မှ We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေထက်အောင်


