ဥရောပတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူဦးရေ ၁၂၀ ကျော်အထိ ရှိလာ

မေ ၂၄

 

ဥရောပတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူဦးရေ ၁၂၀ ကျော်ရှိလာကြောင်းနှင့် ထိုဒေသရှိကျန်းမာရေး တာဝန်ရှိသူများ က အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူများက ယမန်နေ့က မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၃၇ ဦးထပ်မံတွေ့ရှိကြောင်း ဖော်ပြထားပြီး မျောက်ကျောက်ရောဂါတွေ့ရှိသူပေါင်း ၅၇ ဦးအထိ  ရှိလာသည်ဟုဆိုသည်။

 

ဉရောပရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာက ဉရောပသမဂ္ဂနိုင်ငံများတွင် ယမန်နေ့ကအထိ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၆၇ ဦးရှိသည်ဟု အတည်ပြုထားသည်။

 

မျောက်ကျောက်ရောဂါကူးစက်ခံရပါက ဖျားခြင်း၊ အဖုအပိမ့်ပေါက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ဖြစ်ပေါ် ခံစားရသည်။

 

ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူများက ထိုရောဂါကူးစက်ခံရသူများအနေဖြင့် နေအိမ်မှာပင် ၂၁ ရက်ကြာနေထိုင်ကြရန် အကြံပြုထားသည်။

 

ဥရောပသမဂ္ဂတာဝန်ရှိသူများကလည်း ထိုရောဂါလက္ခဏာရှိသူများနှင့်အနီးကပ်ထိတွေ့ဆက်ဆံမှုရှိသူများအနေဖြင့် ၎င်းရောဂါ ကူးစက်ခံသူတို့နှင့် နောက်ဆုံးထိတွေ့မှုရှိပြီးနောက် ၂၁ ရက်ကြာသည်အထိ ယင်းရောဂါလက္ခဏာများကို မိမိတို့ကိုယ်တိုင်စောင့်ကြည့်သင့်သည်ဟု ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို